ခမ်းဒွမ်သား ဆီကို လာလည်သော မိတ်ဆွေအပေါင်းတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 26 March 2014

Photoshop, Word, Pagemaker မှာ win innwa နဲ့ ဒ, ဓ ရိုက်မရသူများအတွက်

Photoshop မှာ “ဒ” ရိုက်မရလို့ ဘယ်လို လုပ်ရပါမလဲတဲ့….. ကိုင်း  အဲ့ဒါနဲ့ သိသလောက် မှတ်သလောက် ဖုန်းဖိုး အကုန်ခံပြီး သွားပြောပြရပါတော့တယ်….. ဟဲဟဲ ….

1. Photoshop
Photoshop မှာ ‘ဒ’ ‘ ဓ’ ရိုက်မရဖြစ်ခဲ့ရင် keyboard မှ Ctrl+K  ကို နှိပ်ဗျာ… ပြီးရင် box တစ်ခု တက်လာလိမ့်မယ်….. အဲ့ဒီမှာ ဘယ်ဘက်အတန်းအောက်ဆုံးမှာ Type ပေါ်မှာ ကလစ်လုပ်ဗျာ.. ပြီးရင် Use Smart Quotes ဆိုတဲ့ဘေးမှာ အမှန်ချက်လေး ဖြုတ်ပြီး OK ပေါ့ဗျာ…….ကိုင်း ရိုက်ပေတော့

2. Pagemaker

Pagemaker ဆိုရင်တော့ Ctrl+K ကို နှိပ်…… ပြီးရင် More ပေါ်မှာ ကလစ်လုပ်…. Use Typographer’s quotes မှာ အမှတ်ကလေး ဖြုတ်ပြီး Ok Ok ပါ………
 3. Microsoft Word

ဒီမှာကတော့ လုပ်နည်း 2 နည်းရှိတယ်ဗျ….. အလွယ်ဆုံးနည်းကိုပဲ ပြောတော့မယ်……..
အရင်ဆုံး ‘ဒ’ ‘ ဓ ‘ ကိုရိုက်လိုက်ပါ…… သူ့ဟာသူ ပေါ်ချင်ရာသာ ပေါ်ပစေတော့ မဖျက်လိုက်ပါနဲ့ ဒီတိုင်ားထးပေးပြီးတော့ keyboard မှ Ctrl+Z ကိုသာ မရတိုင်း နှိပ်ပြီးတော့သာ ရိုက်သွားပေတော့….
အဆင်ပြေပါစေဗျာ…..

1 comment: