I am busy now APK (for android)

✔ I`am busy apk-v1031✔ ဒီ App လေးကတော့ ကိုယ့်ကိုတဖက်ကဖုန်းခေါ်လိုက်ရင် Busy ဆိုပြီး ပြန်ဖြေပေးမယ့် ဆော့ဝဲလေးပါ။ဧရိယာပြင်ပလို့တော့ အော်ပေးမှာမဟုတ်ပါဘူး။ဥပမာ ("Sorry.i'am,busy,now.please call me later.)ဆိုပြီးတော့ပဲ ပြန်ဖြေပေးမှာပါ။အသုံးပြုပုံကတော့ ကိုယ် မခေါ်စေချင်တဲ့ ဖုန်းနံပတ်ကို Add ထဲမှာရိုတ်ထည့်ပေးပါ။ ပြီးရင် ဖုန်းပုံလေးမှာ အနီရောင်အမှတ်လေး မှတ်သားပေးလိုက်ပါ။ဒါဆိုရင်တော့ ဘယ်အချိန်ခေါ်ခေါ် တဖက်ကဖုန်းမှာ အမြဲတမ်း Busy မအားသေးပါလို့ ပြောနေပါလိမ့်မယ် Apk file size 176KB လေးပဲရှိပြီး Android OS Version2.2 နှင့်အထက်ရှိထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အောက်ကချပေးထားတဲ့ လင့်ခ် များထဲမှ မိမိနှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခု ကနေ ဒေါင်းလုပ်ရယူသွားပါ။
Download-link(1),link(2),link(3),link(4)
အသုံးပြုပုံကတော့ ဆော့ဖ်ဝဲထဲဝင်ပါ။ အဲဒိမှာ ကိုယ် busy လုပ်ထားချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ဒါမှမဟုတ် contact list ထဲကရွေးမယ်ဆိုရင် အောက်မှာပုံနဲ့ပြပေးထားပါတယ်။ ပုံထဲကအတိုင်း လုပ်ဆောင်ပါ။

အားလုံးလုပ်ပြီးရင် back key နှိပ်ပြီး ဆော့ဖ်ဝဲထဲက ပြန်ထွက်လိုက်ပါ။ ဒါဆို ကိုယ်လုပ်ထားတဲ့ဖုန်းနံပါတ်က ကိုယ့်ဆီဖုန်းခေါ်ရင် သူ့ဆီမှာ busy now.please call me later.လို့ပဲဖြေပေးနေမှာ ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ခုန busy လုပ်ထားခဲ့တဲ့ ဖုန်းနံပါတ်ကို ကိုယ့်ဆီကို ဖုန်းပြန်ခေါ်လို့ ရစေချင်ရင် ဆော့ဖ်ဝဲထဲဝင်ပြီး ခုန အနီရောင်ဖြစ်နေတဲ့ click နှိပ်ထားခဲ့တဲ့ နေရာတွေကို တချက်စီပြန်နှိပ်ပေးလိုက်ရင် အဖြူရောင်ပြန်ပြောင်းသွားပြီး သူက ကိုယ့်ဆီကို ဖုန်းပြန်ခေါ်လို့ ရစေမှာပဲ ဖြစ်ပါတယ်။

အဆင်ပြေကြပါစေ
ဘလော့ခရီးသည်
ခမ်းဒွမ်သား

No comments:
Post a Comment