
CD/DVD Drive တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ အခွေရွေးတာ၊ သိပ်မရေး သိပ် မဖတ်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ တခါတရံ CD/DVD Drawer မထွက်ချင်ထွက်ချင်ဖြစ်လို့ ပင်နဲ့ထိုးပြီး ဆွဲထုတ်ရတာမျိုးလည်း ရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ အများအားဖြင့် ဖုန်တွေစုပြီး ဖြစ်လာတဲ့အညစ်အကြေးတွေကြောင့် ဖြစ်တာများပါတယ်။ တတ်နိုင်သူတွေကတော့ အလုပ်ရှုပ်မခံချင် အသစ်ဝယ်ကြပေါ့လေ.. ပေါ လွန်းလို့။ ဒါပေမယ့် လုံးဝပျက်စီးသွားတယ်ဆို ဟုတ်သေး။ ဒီလောက်လေးနဲ့ အသစ်ဝယ်ဖို့ဆိုတာက မဟုတ်သေးပါဘူး။ ဆိုင်ပို့ပြီးလည်း မပြင်ချင်ဘူး.. ကိုယ်တိုင် ပြင်ချင်တယ်.. ပြင်နိုင်မယ်ဆို ပိုမကောင်းဘူးလား။ လွယ်ပါတယ်.. အောက်မှာ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်း (၁) Cleaning Disk ကို
သုံးပါ
သိပ်အဆိုးကြီးလည်းမဟုတ်တော့ ဖြုတ်ရ တပ်ရမှာ အဆင်မပြေသေးဘူးလား။ ကွန်ပျူတာ အရောင်းဆိုင်တွေမှာ
Cleaning Disk ၀ယ်ပြီးသုံးပေါ့။ တော်ရုံတန်ရုံပဲဆို Drive ကို ဖြုတ်ရ တပ်ရ
အလုပ်မရှုပ်ဘူးပေါ့။ Cleaning Disk တွေကလည်း အစားစားရှိပါတယ်။

သူ့မှာ cleaning
ဆေးရည်ဘူးလေးပါပါတယ်။ (သူ့ညွှန်ကြားချက်ကို သေချာဖတ်ပါ။ ) အဲ့ဒီ ဆေးရည် အနည်းငယ်ကို
Cleaning Disk ပေါ် သုတ်လိမ်းပေးပြီး CD/DVD Drawer ထဲထည့်
ဖွင့်ပေးလိုက်ပေါ့။ တစ်ကြိမ်မရသေးရင် နောက်တစ်ကြိမ်ပေါ့။ ဒီလိုမှ မရသေးဘူးဆိုရင်တော့ နောက်တစ်နည်းပေါ့။
နည်းလမ်း(၂) ကိုယ်တိုင် ဖြုတ်ဆေးပါ
ဒီတစ်ခါတော့
Drive ကို ဖြုတ်
ဖွင့်ပြီး သန့်ရှင်းပေးရတော့မယ်။ Laptop တွေကျတော့ ဖြုတ်စရာမလိုပါဘူး။
ပိုလွယ်ပါတယ်။ ဒါကတော့ Desktop အတွက်ပါ။ ကွန်ပျူတာပိတ်၊ Power
ကြိုးဖြုတ်ထား၊ ကွန်ပျူတာအဖုံးဖွင့်ပြီး Drive ကို
ထိန်းထားတဲ့ screw တွေ ဖြုတ်၊ ကြိုးတွေ ဖြုတ်ပြီး ရှေ့ဖက်ကနေ ဆွဲထုတ်ပါ။
ပြီးရင်
ပုံမှာပြထားတဲ့အတိုင်း Drive အပေါ်ဖုံးကို ဖြုတ်ရမှာပါ။

အဲ့ဒါကိုဖြုတ်ဖို့အတွက် အရင်ဆုံး ရှေ့ဖက်က ပလတ်စတစ် ကာဗာကို ဖြုတ်ရပါမယ်။ မဖြုတ်ခင် Drawer ကို အပြင်ထုတ်ထားပေးရပါမယ်။ ရှေ့ဖက်မှာ ပင်ထိုးလို့ရတဲ့ အပေါက်လေးပါတယ်..အဲ့ဒီထဲကို စာရွက်ညှပ်တဲ့ ပင်လေးကို ဖြောင့်ပြီး ထိုးလိုက်ပါ။

Drawer ထွက်လာရင် အနည်းငယ် ဆွဲထုတ်ထားပါ။
ပြီးရင် Drive ကိုမှောက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ရှေ့ကာဗာက ခြေကုပ်ထားတာတွေကို Screw Driver
ပြားအသေးနဲ့ ထိုးဖြုတ်ပေးပါ။ ဘေးနှစ်ဖက်မှာ တစ်ခုစီနဲ့ အောက်ဖက်အလယ်မှာတစ်ခု ရှိပါတယ်။
ရှေ့ကာဗာ ပြုတ်မှ အပေါ်ဖုံးဖွင့်လို့ရမှာပါ။

ပုံမှာ ပြထားတဲ့အတိုင်း Screw
လေးလုံးကို ဖြုတ်ပါ။ ပြီးရင် မှောက်ထားတာကို ပြန်လှန်ပြီး အပေါ်ဖုံးကို အပေါ်သို့ ဆွဲချွတ်ပါ။

အပေါ်ဖုံးဖွင့်ပြီးပြီဆိုရင် အထဲမှာ
ရှိတဲ့ ဖုန်တွေကို ဆေးသုတ်တံ brush အသေးနဲ့ အသာအယာရှင်းထုတ်ပါ။ စိတ်မရှည်ဘဲ
လေမှုတ်စက်နဲ့ အရင် သွားမမှုတ်နဲ့ဦး။ အကြိုအကြားတွေမှာကပ်နေတာတွေကိုတော့
လေဘောလုံးကို သုံးနိုင်ပါတယ်။

ဖုန်တွေ ရှင်းပြီးသွားရင်
ပုံပါအတိုင်း Drive Lens (မှန်ဘီလူး)ကို ဂွမ်းပါတဲ့
နားကြပ်တံလေးမှာ
အရက်ပြန်အနည်းငယ်ဆွတ်ပြီး အသာအယာပွတ် ဆေးပေးပါ။
အားထည့်ပြီး
မဖိမိပါစေနဲ့။ ဖွဖွလေးသာ
ပွတ်ပေးပါ။ Lens ရှေ့တိုးနောက်ငင်လုပ်တဲ့
လျှောလမ်းကိုလည်း ချောဆီလေးအနည်းငယ် သုတ်ပေးပါ။
အားလုံးပြီးရင် ဖြုတ်စဉ်ကအတိုင်း ပြန်တပ်ပါ။ ပြီးသွားပါပြီ။ ၀ယ်စဉ်ကအတိုင်း
အသစ်လို ကောင်းသွားပါလိမ့်မယ်။ မိမိ နားလည်မှုပေါ်မှာလည်း မူတည်ပါတယ်။
ပိုပြီး
ရှင်းသွားအောင် အောက်မှာ video ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
No comments:
Post a Comment