ခမ်းဒွမ်သား ဆီကို လာလည်သော မိတ်ဆွေအပေါင်းတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 3 May 2014

ကွန်ပျူတာ သန့်ရှင်းရေးသမား (သို့မဟုတ်) Cleaner ဆိုတာ





Cleaner ဆိုတာ cookie, history, temp file , .dll, .ini, .ifo, .db အစရှိသမျှ file တွေ၊  မသုံးတဲ့ shortcut ဖိုင်တွေ၊ ပရိုဂရမ်၊ font ၊ uninstalled program နဲ့ system information တွေကို ကွန်ပျုတာထဲမှာ မလိုအပ်ဘဲ ရှိမနေအောင် ရှင်းပေးတဲ့ program တစ်ခုပါ..
အင်တာနက်အသုံးပြုမှုများလာတာနဲ့အမျှ သင့်ကွန်ပျူတာထဲကို မလိုအပ်တဲ့ file တွေ၊ cookie တွေ၊ history တွေဝင်ရောက် ခိုအောင်းလာပါတယ်.. ဒီ cookie တွေ history တွေက အသုံးဝင်လားဆိုတော့ အသုံးဝင်ပေမယ့် မရှိလည်း ဘာမှ မဖြစ်ပါဘူး. သင်သွားသမျှ web site လိပ်စာတွေ.. profile အချက်အလက်တွေ၊ user name နဲ့ password တွေ၊ သင်ရိုက်သမျှတွေ မှတ်တမ်းတင်ပေးထားပါတယ်.. ဒီလို မှတ်တမ်းတင်ပေးခြင်းအားဖြင့် နောက်တစ်ကြိမ် ဒီဆိုက်တွေထဲ ပြန်ဝင်တဲ့အခါ သင့်အနေနဲ့ key လေး တစ်လုံး ရိုက်ရုံနဲ့ လွယ်ကူလျင်မြန်စွာ ၀င်ရောက်နိုင်စေပါတယ်..
            မကောင်းတာကတော့ hacker တွေအတွက် သွားရည်ကျစရာ မုန့်တွေပါပဲ.. cookie တွေ history တွေကို သယ်မ, သွားပြီး သူတို့ စက်ထဲထည့်ဖွင့်လိုက်ရင် သင်သုံးနေသလိုမျိုး သင့် profile ကအစ သူတို့ဆီမှာ ပေါ်ပါတယ်..ဒီတော့ သင်ဝင်သမျှ သုံးသမျှကို အလွယ်တကူ  ၀င်လို့ သုံးလို့ရပြီပေါ့..  ပြီးတော့လည်း များပြားလာတဲ့ cookie တွေ history ဖိုင်တွေဟာလည်း ကွန်ပျူတာထဲမှာ အမှိုက်ပုံတစ်ခုလို ပွစာကြဲပြီး virus တို့ ဘာတို့ ပါ ခိုအောင်းလာနိုင်ပါတယ်.. ကွန်ပျူတာကိုလည်း ပိုမို လေးကန် နှေးကွေးလာစေပါတယ်.. ကွန်ပျူတာထဲမှာ program တွေ တင်လိုက် ဖြုတ်လိုက် ဖွင့်လိုက် ပိတ်လိုက်လုပ်တိုင်း ယာယီဖိုင် temporary file တွေ နဲ့ setting တွေ၊ log file တွေကိုမှတ်တမ်းတင် သိမ်းဆည်းထားလေ့ ရှိပါတယ်.. ဒါတွေ များလာတဲ့အခါ ကွန်ပျူတာစွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်.. 
              ဒါတွေကို ကိုယ်တိုင် ရှင်းဖို့ဆိုတာ ကျွမ်းကျင်သူအတွက် တော့ ဘာမှ မဟုတ်ပေမယ့် သာမန် user များအတွက်တော့ cleaner ကို မသုံးမဖြစ် သုံးလာရပါတယ်.. cleaner  တွေ ကလည်း အမျိုးအမည်စုံအောင် များပြားလှပါတယ်.. ညံ့ဖျင်းစွာရေးထားတဲ့ cleaner တွေ၊ fake cleaner တွေကို သုံးမိရင်ဖြစ်ဖြစ်၊ ကိုယ် မသုံးတတ်တဲ့ cleaner တွေကို သုံးမိရင်ဖြစ်ဖြစ် ပရိုဂရမ်တွေကို ထိခိုက်စေရုံမက Windows ကိုပါ ရပ်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်.. အထူးသဖြင့် cleaner တိုင်းမှာပါတဲ့ Registry cleaner ကတော့ အန္တရာယ်အများဆုံးပါပဲ.. Registry ဆိုတာ တစ်ချက်လေးတောင် အမှားမခံပါဘူး။ ဖြစ်နိုင်ရင် Registry cleaner ကို မသုံးတာကောင်းပါတယ်..  မသုံးမဖြစ် သုံးတော့မယ်ဆိုရင်လည်း Registry ကို ဦးစွာ backup လုပ်ထားသင့်ပါတယ်.. cleaner  မသုံးဘဲ ရှင်းနိုင်တဲ့ နည်းတွေ ရှိပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း cleaner မသုံးပါဘူး.. ကိုယ်တိုင်သာ ရှာဖွေ ရှင်းထုတ်ပါတယ်.. ဒါပေမယ့်လည်း အချိန် မပေးနိုင်မှု၊ မအားလပ်လို့ မေ့လျော့နေမှုတွေကြောင့် cleaner ဆောင်ထားရပါတယ်.. သုံးဖူးသမျှထဲမှာတော့ CCleaner က စိတ်ချရပါတယ်.. 
             2003 မှာ စတင်ထုတ်ခဲ့တဲ့ Piriform.com ရဲ့ CCleaner ဟာ လက်ရှိပေါ်ပြူလာအဖြစ်ဆုံး၊ သုံးစွဲသူပေါင်း 1 billion ကျော် သုံးစွဲမှု အများဆုံး freeware cleaner တစ်ခုဖြစ်နေပါပြီ။ စိတ်ချလက်ချ လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်.. CCleaner ကို ဒီလင့်မှာ
သွားရောက်ဒေါင်းယူနိုင်ပါတယ်..
 

No comments:

Post a Comment