သင့်ကွန်ပျူတာနဲ့အလုပ်လုပ်နေချိန် ....ဖုန်းက notification တွေကိုလည်း
ကြည့်ချင် ...ကွန်ပျူတာကလည်းလက်လွတ်လို့မရ ..ဒါမျိုးဆိုရင် notification
တွေ
ကွန်ပျူတာပေါ်ကိုရောက်လာမယ်ဆိုရင်.............................................
Android phone notifier
ဒီကောင်လေးကိုအဓိကသုံးရမယ့်အကြောင်းကတော့ သင့်ဟာသင့်ဖုန်းကို
တခြားတစ်နေရာမှာထားပြီးတော့ ကွန်ပျူတာနဲကအလုပ်လုပ်နေစဉ် Callတွေ မက်ဆေ့တွေ
ဒါမှမဟုတ် ဖေ့ဘုတ်က notification တွေဝင်လာမယ်ဆိုရင်
သင့်ကွန်ပျူတာပေါ်ကို.လှမ်းပြီးအသိပေးမှာဖြစ်လို့ပါပဲ။သူက ငါးမိနစ်တစ်ကြိမ်
သင့်ဖုန်းကို ဘာတွေအသစ်ဝင်လာနေလဲဆိုတာ စစ်ဆေးနေမှာဖြစ်ပါတယ်။
ဒါသုံးဖို့အတွက်တော့ ဆော့ဝဲနှစ်ခု လိုမှာဖြစ်ပါတယ်..သင့်ဖုန်းမှာ တစ်ခု
သင့် ကွန်ပျူတာမှာတစ်ခု install လုပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာရယူထားပါ။
ကွန်ပျူတာအတွက်>>
ဖုန်းအတွက်>>
ဖုန်းsetting ထဲက Wifi option ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်။ဝိုင်ဖိုင်ပေါ်မှာအလုပ်လုပ်မှာဖြစ်ပါတယ်။
(သာမန်သုံးသူတွေဟာ ၀ိုင်ဖိုင်ဆိုလိုက်တာနဲ့ အင်တာနက်
ကိုပြေးမြင်တတ်ကြပါတယ်။အင်တာနက်ကို
ဝိုင်ဖိုင်ယူသုံးတာကိုမြင်တတ်ကြပါတယ်။local area connection မျိုးကို
သတိမေ့တတ်ကြပါတယ်)
remote -notify-connection-setting
နှစ်ခုလုံးတင်ပြီးပြီဆိုရင် ဖုန်းမှာကော ကွန်ပျူတာမှာကော ဖွင့်ပေးလိုက်ပါ။
pair လုပ်တယ်ခေါ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ ဆော့ဝဲပေါ်မှာ
ချိတ်ဆက်မိဖို့လိုပါတယ်။
remote-notify-phone-setting
ဖုန်းဆော့ဝဲရဲ့ setting ထဲမှာ notification ကို စမ်းသပ်ပို့ကြည့်ဖို့ လုပ်ဆောင်ချက်တစ်ခုပါဝင်ပါတယ်။Ping လုပ်ကြည့်တယ်ပေါ့
remote-notify-ping
သင်ပို့ချင်တဲ့ notification ဥပမာ text messages, phone calls, MMS
(picture
messages), battery warnings, voice mails နဲ့ Viber,Zapya
တို့လို့ကောင်တွေရဲ့ notification တွေထဲက
တစ်ခုခုရွေးပြီးစမ်းသပ်နိုင်ပါတယ်.
remote-notify-notification-option
ဒီလိုပို့လိုက်မယ်ဆိုရင် သင့်ကွန်ပျူတာမှာ ပုံမှန်
ကွန်ပျူတာsystemပိုင်းဆိုင်ရာတွေ အသိပေးသလို pop up ၀င်းဒိုးလေးနဲ့
အသိပေးလာမှာဖြစ်ပါတယ်။အောက်မှာဆိုရင် ဖုန်းအားအခြေအနေကို အသိပေးထားပါတယ်။
remote-notify-battery
(www.sayyoethe.blogspot.com)
ဒီနေရာမှာမိမိတို့ ရေးသားမဲ့ ပိုစ့် အပြည့်စုံရေးပါ
No comments:
Post a Comment