ဒီနည်းလေးကတော့ Facebook မှာ Timeline ဖွင့်ထားသူတွေကို စနောက်ဖို့ နည်းလမ်းလေးပါ။ ဒီနည်းက Facebook Timeline ဖွင့်ထားသူတွေကို
လုပ်လိုက်ရင် ဖေ့ဘွတ် တခြမ်းကို အပြာရောင် ဖြင့် ဖုံးလွှမ်း
ပေးထားမှာဖြစ်ပါတယ်။ အဲဒီပို့စ်ကို မိမိ ပြန်ဖျက်ပေးရင်ပေး (သို့)
အကောင့်ပိုင်ရှင် ကိုယ်တိုင်က ဖျက်နိုင်ရင်လည်း အဲဒါက ပျက်မှာဖြစ်ပါတယ်။
အပျော်သက်သက် စနောက်ချင်သူတွေ အတွက်ပါ။ တယောက်နဲ့တယောက် တိုက်ခိုက်
ဖို့အတွက် မရည်ရွယ်စေချင်ပါဘူး။ Timeline မှာ Post တင်ခွင့် ပိတ်ထားတဲ့သူတွေကို ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။

1.အရင်ဆုံးဒီလင့်ကိုသွားလိုက်ပါ။
2.Friend Name ဆိုတဲ့နေရာမှာ မိမိစနောက်ချင်သူရဲ့ Account ကိုထည့်ပါ။
(Facebook Timeline မှာ Post တင်ခွင့်ပိတ်ထားသူကိုတော့ လုပ်လို့ မရပါဘူး)
3.ပြီးတာနဲ့ အောက်ကပုံအတိုင်း Share Photo ကိုနှိပ်လိုက်ပါ။

4.ပြီးရင်တော့ သင့်ပြုလုပ်ထားတဲ့ အကောင့်ပိုင်ရှင်ရဲ့ Wall ကို ၀င်ကြည့်လိုက်ပါ။ အောက်ကပုံ အတိုင်း အပြာရောင်များဖြင့် ဖေ့ဘွတ်တခြမ်းလုံးကို ဖုံးလွှမ်းပေးထားမှာဖြစ်ပါတယ်။

5. ဒါလေးကို မိမိပြုလုပ်ထားသူကို ပြန်ဖျက်ပေးချင်တယ်ဆိုရင်တော့ဒီလင့်ကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်း မိမိ ပြုလုပ်ထားသူတွေရဲ့ အကောင့်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ညာဘက်ဒေါင့် မျှားပြထားတဲ့နေရာမှ Delete ကို နှိပ်ပြီး ဖျက်ပေးလိုက်လျှင် အပေါ်က အပြာရောင် ဖုံးလွှမ်းထားတာလေး ပျောက်ကွယ်သွားမာဖြစ်ပါတယ်။
အားလုံး နည်းပညာ ဗဟုသုတ ရရှိစေရန်ဘဲ ရည်ရွယ်ပါတယ်။
No comments:
Post a Comment